မန္တလေးမှာ ပြုလုပ်မယ့် Birthday Show ကို အပိုင်း (၄)ပိုင်းခွဲပြီး ဖျော်ဖြေမယ့် စိုင်းစိုင်းခမ်းလှိုင်

ဧပြီ ၁ဝ ရက်နေ့ မွေးနေ့ရှင် စိုင်းစိုင်းခမ်းလှိုင်ရဲ့ Birthday Show ကျင်းပမယ့် အကြောင်း စာနယ်ဇင်း ရှင်းလင်းပွဲကို မတ်လ ၂၈ ရက် နေ့၊ ညနေ ၄ နာရီက ရန်ကုန် အင်တာနေရှင်နယ် ဟိုတယ်ဝင်း အတွင်းရှိ Dessert Bar & Bistro မှာပြုလုပ်ခဲ့ပါတယ်။ စိုင်းစိုင်းခမ်းလှိုင်က Birthday Show ကို ရန်ကုန် မျှော်စင်ကျွန်းမှာ ပြု လုပ် နေကျ ဖြစ်ပေမယ့် ဒီနှစ် ရှိုးပွဲကိုတော့ မန္တလေး Hill Resort Hotel မြက်ခင်းပြင်မှာ ကျင်းပမှာဖြစ်ပြီး မန္တလေး မှာ လုပ်ရခြင်းက မန္တလေးပရိသတ်ကို လည်း Birthday Show အနေနဲ့ ဖျော်ဖြေချင်တဲ့ အတွက်ဖြစ်ကြောင်း sai sai khan hlaing birthday show,sai sai live show,hip hop show newsစိုင်းစိုင်းခမ်းလှိုင်က ပြောပါတယ်။ နှစ်စဉ်အားပေးနေကျ ရန်ကုန် ပရိသတ် တွေကိုလည်း နောက်နှစ် ရန်ကုန်မှာ ပြန်ကျင်းပမယ်လို့ ဆိုပါတယ်။ မွေးနေ့ ရှိုးမှာ နှစ်စဉ်စတိတ် အပြင်အဆင်က ထူးထူးခြားခြား ဆပ်ကပ်၊ သရဲအိမ်၊ စက်ရုပ်ကြီးဆိုတာမျိုး တွေလုပ်ခဲ့ပေမယ့် ဒီနှစ်မှာတော့ အပိုင်း (၄)ပိုင်းခွဲပြီး ပြုလုပ်မှာဖြစ်ပြီး LED Screen များနဲ့လည်း ပြသမှာ ဖြစ်တယ်လို့သိရ ပါတယ်။ အပိုင်း ၄ ပိုင်းမှာ ၁။ Introduction

လို့ အမည် ပေးထားပြီး၊ ၂။ လှပတဲ့ အတိတ်မှာ ရှိခဲ့တဲ့ သီချင်းများ၊ ဖြတ်သန်းခဲ့တဲ့ဘဝမှာ သီဆိုခဲ့တဲ့ သီချင်းတွေနဲ့ ဖျော်ဖြေခြင်း၊ ၃။ ထူးထူးခြားခြား အနေနဲ့ မန္တလေးက တီးဝိုင်းဖြစ်တဲ့ Dream Lover တီးဝိုင်းနဲ့ တွဲဖက် ဖျော်ဖြေခြင်း၊ ၄။ ပရိသတ်တွေနဲ့အတူ နီယွန်ပါတီအစီအစဉ်တို့ကို မန္တလေး မွေးနေ့ရှိုးမှာ စိုင်းစိုင်းခမ်းလှိုင်နဲ့အတူ သူငယ်ချင်းများက ဖျော်ဖြေမယ်လို့ သိရပါတယ်။ လက်မှတ်တစ်စောင် ကျပ် ၈ဝဝဝ နဲ့ မန္တလေးက ကြည်ပြာစတိုး၊ အိုစတိုး၊ ပတ္တမြား စတိုးမှာ စတင်ရောင်း ချပေးနေပြီလို့ သိရပါတယ်။ ပထမဆုံး လက်မှတ်လာရောက် ဝယ်ယူတဲ့ ပရိသတ် ၁ဝဝဝ ကို တီရှပ်အင်္ကျီ မေတ္တာလက် ဆောင်ပေးသွားမယ်လို့လည်း သိရပါ တယ်။ မန္တလေးမှာကျင်း ပမယ့်မွေးနေ့ ဖျော်ဖြေပွဲနဲ့ ပတ်သက်ပြီး ကြိုတင်ပြင် ဆင်မှုတွေနဲ့အတူ ရင်ခုန်စိတ်လှုပ်ရှား နေတဲ့ စိုင်းစိုင်းခမ်းလှိုင်က “ကျွန်တော်တို့ မန္တလေးအထိ တစ်ဖွဲ့လုံး လာဖျော်ဖြေ မှာကို လာပြီးအား ပေးစေချင်တယ်။ ကျွန်တော် မန္တလေးကိုသွားပြီး မျက်နှာ မငယ်ချင်ပါဘူး။ မန္တလေးမှာလည်း ကျွန်တော် အောင်မြင်ချင် ပါတယ်။ ကျွန်တော့်မွေးနေ့ ရှိုးကို ရန်ကုန်မှာ လုပ်နေရာကနေ မန္တလေးမှာ ပထမဆုံးသွား ပြီးလုပ်ရတဲ့အတွက် ကျွန်တော်အတွက် မန္တလေးရှိုးက စွန့်စားခန်း တစ်ရပ်လို ပဲ ဖြစ် နေပါတယ်။ ရန်ကုန်မှာတော့ နှစ်တိုင်းလုပ် နေကျဖြစ်တဲ့အတွက်၊ လာကြည့်နေကျ ပရိသတ် တွေလည်းရှိတယ်။ ဖျော်ဖြေနေကျလည်းဖြစ်တယ်။ မန္တလေး ကတော့ မွေးနေ့ရှိုးက ပထမဆုံး လုပ်တာဖြစ်တယ်။ ရန်ကုန်ကနေ အကုန်သွားရမှာ ဆိုတော့ ပြင်ဆင်ရမယ့် စရိတ်တွေကလည်း ရန်ကုန် ထက်များတယ်။ အဲဒီအတွက် ဒီနှစ်က ခါတိုင်းနှစ်တွေထက် ဖိစီးမှုပိုများတယ်။ အဲဒီကြားကပဲ ကြိုတင် ရင်ခုန်ပျော်ရွှင်နေပါတယ်။ သီချင်းတွေကိုလည်း အပုဒ် ၄ဝ လောက်ရွေးထားတယ်။ အချိန်ပေါ် မူတည်ပြီး ထပ်ဆိုခွင့်ရရင် ဆိုမယ်။ သီချင်း အဟောင်းတွေလည်း ဆိုမယ်။ သီချင်းသစ်ကို လောလောဆယ် ၅ ပုဒ်လောက် ရွေးထားတယ်။ ပရိသတ်တအား မပျင်း ရင် တော့ သီချင်းအသစ်တွေပါ ညှပ်ပြီးဆိုသွားမယ်”လို့ မွေးနေ့ ရှိုးနဲ့ ပတ်သက်ပြီး ပြောပြပါ တယ်။ စိုင်းစိုင်းခမ်းလှိုင်ရဲ့ မွေးနေ့ရှိုးကို မန္တလေး မှာကျင်းပရင် တီဗီချန်နယ် တွေကနေ တိုက်ရိုက်တော့ မလွှင့် ဖြစ်ဘူးလို့ပြောပြီး မွေးနေ့ရှိုး အခွေထုတ်ဖို့ မသေချာသေးဘူး လို့လည်း ပြောပြပါတယ်။ စိုင်းစိုင်းခမ်းလှိုင်က မွေးနေ့ရှိုးကို မန္တလေးမှာ ကျင်းပပေမယ့် သင်္ကြန် ကိုတော့ ရန်ကုန်မှာပဲ မဏ္ဍပ်ဆောက် မှာဖြစ်တာကြောင့် သင်္ကြန်ကို ရန်ကုန်မှာ သီချင်းဆိုရင်း ပရိသတ်တွေ နဲ့အတူရှိမယ်လို့ ပြောပြခဲ့ပါတယ်။

မေမွန်မောင်@Popular News

Comments