လွှမ်းပိုင်က ဒုံးပျံ အခွေ ထဲက သူ့ရဲ့ Hit သီချင်းဖြစ်တဲ့ ‘ဘိုကေ’ကို MTV ရိုက်ပြီး သွားပြီဖြစ်ပါတယ်။ အဲဒီ MTV မှာ တော့ Facebook ကနေ တစ်ဆင့် ဖိတ်ခေါ်ပြီး အကူအညီ တောင်းထားတဲ့ လူငယ် မျက်နှာသစ် များနဲ့အတူ လွှမ်းပိုင်က သရုပ်ဆောင် ထားပါတယ်။ အဲဒါကတော့ ပရိသတ်ကို အမြင်ဆန်း စေချင်လို့ လည်း ဖြစ်ကြောင်း သိရပါတယ်။ လွှမ်းပိုင်က အစ ကတည်းက MTV ကို ဘယ်အပုဒ်မှာ ဘယ်လို ရိုက်မယ် ဆိုတာမျိုး စဉ်းစားထားပြီး ပရိသတ် ပိုအားပေးတဲ့ သီချင်းကို ပိုရိုက်တာ မျိုးတော့ မရှိပါဘူးလို့ ပြောပါတယ်။ လွှမ်းပိုင်တို့ အခွေထဲ မှာ သီချင်း အအေးနဲ့ အမြူးတွေ မျှထည့်ထားပြီး အမြူးတွေကတော့ ရှိုးတွေ အတွက် ရည်ရွယ် ထားပြီး ထည့်ခဲ့တာလို့ သိရပါတယ်။ လွှမ်းပိုင် တို့ရဲ့ ဒုံးပျံ အခွေ ရောင်းအား က
၇ဝဝဝ ကျော် သွားပြီလို့ သိရတာ ကြောင့် အဲဒီ အပေါ်မှာ အရင်ထက် ပိုပြီး တာဝန်ကြီး မှုဖြစ်လာနိုင်မလား ဆိုတော့ ”အဲဒီလောက် ထိတော့ ကျွန်တော်မှန်း မထားဘူး။ ခုလို ကြားရတော့ သိပ်အံ့သြသွားတယ်။ ကိုယ့် ကိုယ်ကိုယ်တော့ ယုံကြည်မှု ပိုရှိလာ တာပေါ့။ နောက်သီချင်းတွေ အတွက်လည်း စိုးရိမ်မှု သိပ်မရှိပါဘူး။ ကျွန်တော် ခုသီချင်း မရေးဖြစ်တာ ၃လကျော်ပြီ။ ဦးနှောက်ကို အနားပေးထား တာပေါ့။ အာရုံသိပ် မရသေး တာလည်း ပါတယ်။ တကယ် အာရုံရတဲ့ အချိန်မှပဲ အကောင်းဆုံး ဖြစ်အောင် ရေးမှာပါ။ အဲဒီ အတွက်တော့ အရင်အခွေကို မမီမှာ စိုးရိမ်တာ မရှိပါဘူး” လို့ လွှမ်းပိုင် က ပြောပါတယ်။ ဒီကြား ထဲ မှာတော့ လွှမ်းပိုင်က MRTV-4 ပရိုဂရမ် အတွက် ဦးချစ်ကောင်းရဲ့ ‘မမဝေဒနာ’ သီချင်း ကို စာသား ဖြည့်ပြီး ပြန်ရေး ထားတယ် လို့ သိရပြီး ကျန်တဲ့ သီချင်းတွေတော့ မရေး ဖြစ်သေးဘူး လို့ သိရပါတယ်။ အခု ထွက်ရှိထားတဲ့ အခွေ ထဲမှာတော့ အပြောင် သီချင်းလေးတွေ များ တာကြောင့် နောက် ထပ် ထွက်ရှိလာမယ့် တစ်ကိုယ်တော် အခွေမှာကော ဘယ်လို ပုံစံ အများဆုံး ထည့်ဖြစ်မလဲ မေးတော့ ”ကျွန်တော် တစ်ကိုယ်တော် မှာလည်း အပြောင်လေးတွေ ပါမယ်။ ပြီးတော့ ပိုပြီး ချင့်ချိန်ရမှာပေါ့။ တစ်ကိုယ်တော် အခွေ ဆိုတော့ ပိုပြီးတော့ တာဝန်ကြီးတယ်။ ဒုံးပျံအခွေ ဗီစီဒီ အပြီး နောက်နှစ် လောက်တော့ တစ်ကိုယ်တော် အခွေ ထွက်မယ်လို့ မှန်းထားပါတယ်”လို့ လွှမ်းပိုင်က ပြောပြခဲ့ပါတယ်။
ရဲရဲ @Popular News
Comments
Post a Comment
ဝေဖန်မှုတွေကို ကြိုဆိုလျက်ပါ...