ကမ္ဘာကျော် CNN ရုပ်သံလိုင်းမှ မြန်မာဟစ်ဟော့ပ်ကဏ္ဍ ထုတ်လွှင့်

myanmar hip hop
ကမ္ဘာပေါ်၌ လူကြိုက်များပြီး နာမည်ကျော်ရုပ်သံလိုင်းတစ်ခုဖြစ် သည့် CNN ရုပ်သံလိုင်းမှ နိုဝင်ဘာ ၁၅ ရက် ညနေ ၃ နာရီဝန်းကျင်က Hip Hop Myanmar Musicခေါင်း စဉ်ဖြင့် မြန်မာလူငယ်ဟစ်ဟော့ပ် အဆိုတော်များ၏ ဖျော်ဖြေရေးနှင့် အင်တာဗျူး အပိုင်းတစ်ပိုင်းအား ထုတ်လွှင့် ပြသ
သွားကြောင်း ၄င်း ကဏ္ဍအား ကြည့်ရှုခွင့်ရသူအချို့က ဆိုသည်။အဆိုပါ အစီအစဉ်တွင် လူ ငယ်ကြိုက် ဟစ်ဟော့ပ်အဆိုတော် များဖြစ်သည့် ရသ၊ ဂျေမီ၊ ကြက်ဖ၊ ဂျောက်ဂျက်နှင့် ငယ်ငယ်တို့၏ ဖျော်ဖြေရေး၊ လှုပ်ရှားမှုအစီအစဉ် တစ်ပိုင်းတစ်စအပါအဝင် ဂျေမီအား အင်တာဗျူး၊ ရန်ကုန်မြို့၏ မြို့ပြ လူနေမှုတစ်စိတ်တစ်ပိုင်းပါ

တင် ဆက်သွားခဲ့သည်။၎င်းအစီအစဉ်နှင့်ပတ်သက်၍ ကိုယ်တိုင် အင်တာဗျူးခံရသူ ဂျေမီ က ”အခုရက်ပိုင်းမှာတော့ ဘယ် နိုင်ငံခြားသားမှ ကျွန်တော့်ကို အင်တာမဗျူးပါဘူး။ ဟိုတုန်းက ရှိတော့ရှိတယ်၊ မမှတ်မိတော့ဘူး။ အဲဒီမှာ လွှင့်တာလည်း မသိပါဘူး” ဟု ပေါ်ပြူလာနယူးစ်၏ ဆက် သွယ်မေးမြန်းချက်ကို ပြန်လည် ဖြေကြားခဲ့သည်။”အဲဒီအစီ အစဉ်လွှင့်တာ မသိ ဘူး။ ကျွန်တော်တောင်အင်တာနက် ကပြန်ရှာကြည့်ရဦးမယ်။ ကျွန်တော် တို့ဆီ ဆက်သွယ်ပြီးပြောတာလည်း မရှိပါဘူး” ဟု ၄င်း အစီအစဉ်၌ပါဝင် သူ အဆိုတော်ရသက ပြောသည်။၎င်းအစီအစဉ်၌ ပါဝင်သည့် အဆိုတော်များသည် ယနေ့ လူ ငယ်ကြိုက် ဟစ်ဟော့ပ်အဆိုတော် များဖြစ်ပြီး အဆိုတော် ရသသည် ၂ဝ၁ဝ ပါတီစုံ ဒီမိုကရေစီ အထွေ ထွေရွေးကောက်ပွဲတွင် NDF ပါတီ ၏ မဲရုံကိုယ်စားလှယ်အဖြစ် ဆောင် ရွက်ခဲ့သူဖြစ်သည်။
မိုးမြင့်မြတ် @ Popular News

Comments