စန္ဒီမြင့်လွင်ကို ဒီဇင်ဘာလမှာ သူမရဲ့ ဒုတိယမြောက် တစ်ကိုယ်တော် အခွေဖြစ်တဲ့ “ရှော့ခ်” အခွေထဲ က သီချင်းတွေနဲ့ ရှိုးတွေမှာ ပရိသတ်နဲ့ အပေးအယူ တည့်နေ တာ တွေ့ရပါတယ်။ အခွေထွက်ပြီး ၄လ ကျော် ၅လမှာ အခွေထဲ က သီချင်းတွေကို ပရိသတ်တော်တော် နားစွဲနေပြီ လို့ပြောရမှာပါ။
သီချင်းပုံစံ အစုံနဲ့ ဖွဲ့စည်း ထားတဲ့ ရှော့ခ် စီးရီးရဲ့ အခြေအနေကို တီးခေါက် ကြည့်တဲ့အခါ “သမီးထင်တာ အမြူးထဲမှာဆို Shock ပေါက်တယ်။ အအေး ထဲမှာဆို ချစ်နေတုန်း ပဲတို့၊ ကိုရဲလေး ရေးပေးတဲ့ သီချင်းတို့ ပေါက်တယ်။
အဲဒါတွေကို တော်တော်များများ ပြန်ကြားရတယ်။ နယ်တွေ ဘာတွေ မှာ လည်း ကြားရတယ်။ တချို့ဆို Phone Ringtone ထဲမှာ ချစ်နေတုန်းပဲ ကို ပိုထည့်ကြတယ်။ အခွေ ရောင်းအား အနေနဲ့ သမီး သိသလောက် ထုတ်ထား တာ ၆ဝဝဝ ကျော်လောက် ရှိတယ်။ သမီးက ဒီအခွေ အပေါ် မှာရော၊ ဒီသီချင်းတွေ အပေါ်မှာပါ သမီး အလုပ်ကို လေးလေးစားစား လုပ်ခဲ့တယ်။ ဒါကြောင့် အလုပ်ကလည်း ကိုယ့်ကိုပြန်လေးစားတာ လို့ထင်တယ်။ ဒီအခွေ မထွက်ခင်မှာ ဒီအခွေကိုပဲ အာရုံထဲမှာ ရှိတယ်။ အိမ်မှာ သေချာခေါ်ကျင့်တယ်။ ဒီ သီချင်းတစ်ပုဒ်ကို သွင်းမယ်ဆိုရင် အရင်ဆုံး အိမ်မှာကြိုကျင့်တယ်။ အဲဒါကြောင့်လည်း ပရိသတ်က လက်ခံ တာပါ။
” ဆေးရောင်လှလှခြယ်ရအောင်” ထက်ကို စီဒီမှာ ပရိသတ် ပို အားပေးလာတယ်။ သမီးကို ဒီအခွေနဲ့ ပတ်သက်ပြီး တချို့တွေ ကပြောကြ တယ်။ ဒီးဒီက Melody များသွားတယ်တဲ့။သမီးက Half by Half ပဲ။ လူငယ်တွေက နားထောင်တတ်တဲ့ အခါကျတော့ သိကြတယ်။ တချို့တွေက စန္ဒီမြင့်လွင့် Melody အများကြီး ဆိုထားတယ် လို့ပြောတယ်။ တချို့ဟာတွေ ဆို သမီး Rap ပဲ ဝင်ဆို ထားတယ်။ “လူညာကြီး” လိုသီချင်းဆို Rock လိုလို၊ Rap လိုလိုနဲ့ Melody လည်း ပါတယ်။ ကိုယ်က Music ကိုထွင် ထားတာကို တချို့က မသိဘူး။ သမီးက Hip Hop ကို ထွင်ထားတဲ့ Culture တစ်ခုလို့ပဲ သတ်မှတ်တယ်” လို့ ရှော့ခ် အခွေ အပေါ်ကို ပရိသတ် တုံ့ပြန်သံကို ပြောပြပါတယ်။ ရှော့ခ် အခွေထဲက Bunny Phyoe ရေး ပေးတဲ့ သီချင်းဟာ သူမရဲ့ ခံစားချက် နဲ့ တိုက်ဆိုင်သွားတယ် လို့ပြောတဲ့ စန္ဒီမြင့်လွင်က ဒီနှစ်ပိုင်းမှာ ဗီစီဒီကို အကောင်း ဆုံး ဖြစ်နိုင်ဖို့ ပုံဖော်မှာဖြစ်ကြောင်း ပြောပါတယ်။ ရှော့ခ်ဆိုတဲ့ Title သီချင်းကိုလည်း Snare အဖွဲ့နဲ့ တိုင်ပင်ပြီး အကောင်းဆုံး ပုံဖော်နိုင်အောင် ဒါရိုက်တာ ကိုလည်း သေချာ ရွေး ချယ်နေကြောင်း စန္ဒီမြင့်လွင် ကပြောပြပါတယ်။

Comments
Post a Comment
ဝေဖန်မှုတွေကို ကြိုဆိုလျက်ပါ...