ရသက ဇွန်လ ၁၉ ရက်နေ့မှာ လူ့စွမ်းအားအရင်းအမြစ် ဖွံ့ဖြိုးရေးအဖွဲ့အစည်းက ပြုလုပ်တဲ့သင်တန်းကို ၂ လကြာတက်ရောက်ရမှာ ဖြစ်ပါတယ်။ အဲဒီသင်တန်း ကတော့ နိုင်ငံရေးပါတီအားလုံးက တစ်ပါတီတစ်ယောက် တက်ရတာဖြစ်ပြီး ရသကသူ့ပါတီ ကိုယ်စားပြုအနေနဲ့ တက်ရောက်တာဖြစ်ပါတယ်။ ဒါကြောင့် ဒီရက်ပိုင်း မှာတော့ သင်တန်းကိစ္စနဲ့ပဲ အလုပ်ရှုပ်နေတာကြောင့် သီချင်းသိပ်မရေးဖြစ်ဘူးလို့ ရသကပြောပါတယ်။ သီချင်းစာသားတွေကို အရင်လိုစာပေစိစစ်ရေးကို တင်စရာ မလို တော့တဲ့အခါမျိုး ဖြစ်လာခဲ့ရင် တေးရေးဆရာတွေ အနေနဲ့ကိုယ်ရေးတဲ့သီချင်းနဲ့ ပက်သက်ပြီး ဘယ်လိုတာဝန်ယူရမလဲလို့မေးတော့ … ”ကိုယ့်တာဝန်ကိုယ် ပိုယူရ မှာပေါ့။ ကိုယ်မကောင်းရင် ကိုယ်ခံရမှာပဲ။ ရိုင်းရိုင်းစိုင်းစိုင်း ဆိုတာမျိုးတွေ ပါလာရင်တော့ တရားစွဲတာမျိုးတွေ ဖြစ်လာမှာပေါ့။ အစကတည်းကလည်း အကြောင်း အရာကို နည်းနည်းလေး ရှောင်ရေးရတာမျိုးတွေ ရှိတာပေါ့။ ကိုယ်ပြောချင်သလောက် တအားကြီး ပြောလို့မရဘူး။ ခုလိုမျိုးစာသားတွေ မတင်ရတော့ဘူး ဆိုရင်တော့ အဖြစ်မှန်တွေနဲ့ ပိုပြီးနီးစပ်သွားမယ် ထင်ပါတယ်။ အနုပညာက ပိုပြီးစစ်မှန်မှုရှိ သွားတာပေါ့”လို့ပြောလာတဲ့ ရသကို အရင်ကကော ဆင်ဆာထိမှာကြောက်လို့ ရှောင် ပြီး ရေးတဲ့အခါ ကိုယ်ပေးချင်တဲ့ အကြောင်းအရာမျိုးကို မရောက်ဘဲဖြစ်သွားတဲ့ သီချင်းမျိုးရှိလားလို့ မေးတော့”အဲဒါက ကျွန်တော့်ရဲ့အခွေဖြစ်တဲ့ ‘ကိစ္စမရှိဘူး’နဲ့ ‘မြန်မာပြည်တွင်လုပ်သည်’ ၂ ခွေစလုံးမှာခံရတယ်။ ‘ကိစ္စမရှိဘူး’ မှာတုန်းကတော့ တော်တော်ဆိုးတယ်။ ‘မြန်မာပြည်တွင် လုပ်သည်’မှာကျတော့ နည်းနည်းညှိ လို့ ရလာတယ်။ အရင်ကစာသားတွေ ပြောင်းတာ ဖြုတ်တာမျိုးတွေခံရရင် ဖီလင်တော့ရှိတာပေါ့။ ဒါပေမဲ့ကိုယ်က အခွေထွက်ချင်တာဆိုတော့ ဒီလိုပဲလျှော့ရတာပေါ့။ စာသားတွေဖျောက်ပြီး သံစဉ်လေးနဲ့ပဲသွားရတာပေါ့”လို့ ရသကပြောပါတယ်။ ရသကအသစ် ပြန်လည်ဖွဲ့စည်းမယ့် ဂီတအစည်းအရုံးမှာတော့ ဝင်ရောက်အရွေးခံမှာ မဟုတ်ဘဲ လူငယ်တွေအတွက် ကိုယ်စားပြုနိုင်မယ့်တစ်ယောက်ကို မဲပေးမယ်လို့ပြောပါတယ်။ ရသကသူ့ရဲ့ နောက်အခွေကိုတော့ သူ့ရဲ့မွေးနေ့ဖြစ်တဲ့ ဒီဇင်ဘာလ ၁ရက်နေ့မှာ ထွက်ရှိမယ့် အကြောင်းကိုလည်း ပြောပြခဲ့ပါတယ်။
ရဲရဲ @ Popular News Journal
ကိုရသကိုလေးစားပါတယ်။အသစ်တွေဘယ်လောက်ထွက်ထွက်ကိုရသတို့ကိုတော့မမီပါဘူး။
ReplyDeleteအစဉ်အမြဲအားပေးနေမှာပါ
ကိုရသကြီးကို အမြဲ အားပေးနေမှာပါ ...... တစ်ကိုယ်တော် အခွေထွက်လာရင်လဲ အားပေးမှာပါ......
ReplyDeleteကိုရသ နေ့ မအိပ်………..ညမအိပ်………. MTV ကြည့်ဖူးသလို့...ထွက်ထားလားဆိုတာသိချင်ဘာတယ်..
ReplyDelete