Title - ပြေးထွက်လိုက်
Artist - Big Zee
Studio - Dark Side
Download with Mediafire
Lyrics
Rap 1 - လူတွေရဲ့စိတ်တွေကိုဘယ်အရာကပျော်ရွင်မှုပေးတာလည်း စိတ်ညစ်တဲ့အခါအတွေးများခဲ့
တစ်ခါတစ်လေ လုပ်ချင်ကိုင်ချင်စိတ်ဝေးလာတယ်
တစ်နေ့တာလှုပ်ရှားသွားလာ လောကကြီးထဲနေထိုင် အမှိုက်တွေဖွကာရှုပ်ထားသွားသမျှ
ညစ်ပတ်ကာစုတ်သွားအလှက Yoo
တွန်းအားတွေပေးပါတယ် ချစ်သူကအနောက်ကနေတစ်ဖွဖွပြော
ဇာတ်သိမ်းခန်းလှချင်တော့ ခက်ခဲ့နေကျတာအစကပေါ့
လိုအပ်ချက်များစွာနဲ့ငါ လမ်းမတွေပေါ်မှာသွားလာခဲ့တာ
နောက်ဆုံးမှာသိလိုက်ရ လူတွေကတစ်ယောက်နဲ့တစ်ယောက်ထားကျခွဲခွာ
ဒါတွေကိုလွန်ဆန်လို့မရပါ အသက်ရှင်နေထိုင်တဲ့ခဏတာ အချိန်မှာ
ဘာတွေးမင်းလုပ်ခဲ့မလဲ မှန်ထဲကိုကြည့်ကာ
မေးခွန်းတွေထုတ်ခဲ့တယ် စဉ်းစားတိုင်းအသက်ရှုကျပ်ကာလာ
သေခြင်းတရားကပြောသွားတာ နောက်တစ်ခါမင်းရဲ့အလှည့် ဆိုတာကိုမှတ်ကာထား
သက်ပြင်းများချ အိပ်မပျော်ခဲ့ညတွေမနက်လင်းသွားတာ
ဦးနှောက်ကိုပျက်စေတဲ့ အကြောင်းအရာတွေထပ်မစဉ်းစားရ
လမ်းပျောက်နေခဲ့တာ တစ်ကြိမ်ထပ်ပိုခဲ့လား
ရင်ခုန်စရာတွေက တကယ်တော့ အိမ်မက်လိုဘဲကွာ
Cho - လွတ်/လပ်/တဲ့ဘဝ ကိုငါရှာမတွေ့
ဒီကမ္ဘာမှာမွေးဖွားပြီးတော့ဒီကမ္ဘာမှာသေ
အရာရာဝေး/အရာရာဆွေး/အရာရာမေ့
မွန်းကြပ်မှုတွေရဲ့အဝေး ကို
ပြေးထွက် လိုက် (သွားပါ)
ပြေးထွက်လိုက်
ပြေးထွက်လိုက် (အဝေးကို အဝေးကို)
ဒီကမ္ဘာမှာမွေးဖွားပြီးတော့ဒီကမ္ဘာမှာသေ
အရာရာဝေး/အရာရာဆွေး/အရာရာမေ့
မွန်းကြပ်မှုတွေရဲ့အဝေး ကို
ပြေးထွက် လိုက် (သွားပါ)
ပြေးထွက်လိုက်
ပြေးထွက်လိုက် (အဝေးကို အဝေးကို)
Rap 2 - မျို သိပ်ကာထားတဲ့ ခံစားချက်တွေကြောင့်အထီးကျန်လာ
စွဲလမ်းမှုတွေကသတ်နေတာ လောင်မြိုက်ကာသွားမဲ့မီးလျံများ
ကလေးဘဝကရှုံးနိမ့်ခဲ့ဘူးတဲ့အမှတ်တရတွေဖျက်မရခဲ့
ပတ်ဝန်းကျင်ကလူတွေကြောင့်လွယ်မဲ့ဟာတွေခက်ကျတယ်
အဖြစ်ဆိုးတွေက လူတွေရဲ့စိတ်ကိုလှုပ်နိုးနေကျတယ်
နောက်ကျောမှာဒဏ်ရာအပြည့်နဲ့ ချုပ်ရိုးတွေများခဲ့
ချို့မြိန်တဲ့အရသာများ တစ်ခါတစ်လေခါးတယ်
လျှို့ဝှက်တဲ့ပုစ္ဆာတွေအတွက် တကယ်တော့ ငါအဖြေကမဲ့
ဒါတွေကိုနားလည်နိုင်ဖို့ ခံစားရတဲ့လူကလွဲဘယ်သူသိမှာလဲ
အချစ်ကပေါင်းစပ်ခြင်းဆို အတူရှိမှာဘဲ
ရုန်းထွက်လာ ဟေ့ ကျရှုံးတဲ့အခါလည်းအပြုံးမပျက်ရ
အဆုံးသတ်လှဖို့ပဲ တစ်ယောက်ထဲနေရင်အထီးကျန်လာတာညတို့ထဲမှာ
လူတိုင်းရဲ့မျက်နှာတွေကို လိုက်ကြည့်စရာလိုလို့လား
ကိုယ်အလုပ်ပဲကိုယ်ကွာ ခေါင်းထဲထည့်ထားရင်ပိုဆိုးသွား
စိတ်ညစ်တဲ့အခါမျိုးတွေမှာ တစ်ကိုယ်ကောင်းဆန်ချင်ခဲ့
ဒီကောင်းကင်ကြီးထဲမှာ လွတ်လပ်စွာပျံချင်တယ်
Cho - လွတ်/လပ်/တဲ့ဘဝ ကိုငါရှာမတွေ့
ဒီကမ္ဘာမှာမွေးဖွားပြီးတော့ဒီကမ္ဘာမှာသေ
အရာရာဝေး/အရာရာဆွေး/အရာရာမေ့
မွန်းကြပ်မှုတွေရဲ့အဝေး ကို
ပြေးထွက် လိုက် (သွားပါ)
ပြေးထွက်လိုက်
ပြေးထွက်လိုက် (အဝေးကို အဝေးကို)
Comments
Post a Comment
ဝေဖန်မှုတွေကို ကြိုဆိုလျက်ပါ...