29th's Story ( Capital P & glock 17 )

သိတဲ့လူတွေလည်းသိကြမှပါ
ဆိုက်မှာမတွေ့လို့တင်ပေးတာပါ

(baby......ပြန်ဆုံနိုင်ဦးမလား.....ပြန်မြင်ယောင်နေမိတုန်းပဲ.....ဟိုးအတိတ်က ၂၉ ရက်နေ့ညနေခင်းကို)

CHO:    ငါလေဟိုးအရင်တုန်းကနေ့တွေပြန်ကာစဉ်းစားရင်းနဲ့ မျက်ရည်ဝဲခဲ့နေ့တွေကမနည်းပြီ
    ငါ့ရဲ့အနားနားမင်းရှိနေတုန်းခဏ ဒီအချိန်တွေကိုပြန်သတိရနေမိလို့
    Baby... ပြန်ဆုံနိုင်ဦးမလား ငါပြန်မြင်ယောင်နေမိတုန်းပဲ
    ဟိုးအတိတ်က ဒီ ၂၉ ရက်နေ့ညနေခင်းကို






မျှော်လင့်ချက်တွေအတောင်ပံတပ်လို့ မင်းရှိရာကိုအရောက်လာမယ်
အခက်အခဲတွေကိုရင်ဆိုင်ချိန်မှာ အတူရှိနေမယ် မကြောက်ပါနဲ့
ဟိုအရင်တုန်းက လက်တွေထပ်လည်း နှစ်ယောက်တွဲလမ်းတွေလျှောက်လာခဲ့
မနီးစပ်ခြင်းက မိုင်ကြီးခြားလို့ ဘယ်တော့များအလွမ်းတွေပျောက်မှာလဲ
တစ်ယောက်တည်းနဲ့ပဲ မင်းကအရှေ့ကိုမျက်နှာမူလို့သွားတဲ့အခါ
ကျောခိုင်းပြီးတော့ အနောက်ဘက်အရပ်ကို မထွက်ခွာဘူးလို့ ငါ့ရဲ့စကား
မင်းကိုချစ်တာအသက်မကဘူးလို့ပြောချင်နေတယ် ကြားရဲ့လား
ဆုံတွေ့ကြရင် အနမ်းတွေဖြစ် အခုဝေးနေတော့လည်း လွမ်းနေခြင်း
အချစ်စစ်တစ်ခုကိုအသက်သွင်းခဲ့တဲ့ ၂၉ ရက်နေ့ညနေခင်း
သဝန်တိုတတ်တဲ့အချက်တွေရှင်း နှစ်ယောက်အတူအိမ်မက်မက်နေခြင်း
ဟိုအရင်တုန်းကပြဿနာတက်တဲ့ ရက်တွေကိုပြန်တွက်ရေရင်း
ဘေးစကားတွေကိုမယုံပါနဲ့တော့ ဝိုင်းပြီးဖျက်မယ့်အကြံကများ
ဖြစ်စေချင်တာနှစ်ယောက်စလုံးကအတူချစ်နေဖို့ပဲ သံသယမထား
အလွမ်းသာကျည်ဆန်ထွက်မယ်ဆိုရင် ရင်ဘတ်အကောင်းအတိုင်းကျန်ပါ့မလား
အမြဲတမ်းကိုတွေးပြီးတော့ အမြဲတမ်းကိုဆွေး အမြဲတမ်းတော့ဝေးလို့မဖြစ်ဘူး စွဲလမ်းသောကလေး

CHO:    ငါလေဟိုးအရင်တုန်းကနေ့တွေပြန်ကာစဉ်းစားရင်းနဲ့ မျက်ရည်ဝဲခဲ့နေ့တွေကမနည်းပြီ
    ငါ့ရဲ့အနားနားမင်းရှိနေတုန်းခဏ ဒီအချိန်တွေကိုပြန်သတိရနေမိလို့
    Baby... ပြန်ဆုံနိုင်ဦးမလား ငါပြန်မြင်ယောင်နေမိတုန်းပဲ
    ဟိုးအတိတ်က ဒီ ၂၉ ရက်နေ့ညနေခင်းကို

တင်းတင်းကျပ်ကျပ်ပွေ့ဖက်ထားလို့ ဝေးမယ့်အကြောင်းတွေမတွေးချင်ဘူး
တခြားစုံတွဲတွေပျော်နေတာကိုကြည့်ပြီးတော့လည်းမဆွေးချင်ဘူး
မင်းအလိုရှိရင် အသုံးချလိုက်ပါ ငါ့ရဲ့ဘဝကိုပေးချင်သူ
မမေးချင်ဘူး မင်းဘေးမှာ ဘယ်သူတွေရှိလဲဆိုတာကို
လိုတာတစ်မျိုး မလိုတာတစ်မျိုးနဲ့နေပေးချင်တယ် Joker လို
အလွဲတွေထပ်ပြီးမပြောတော့ပါဘူး စိတ်ဓါတ်ကျပြီးငိုမှာစိုး
မေ့ဖို့အတွက်ငါသတိမရခဲ့သလို သတိရဖို့လည်းမမေ့ခဲ့ပါဘူး
မဝေးဖို့အထပ်ထပ်ဆုတွေတောင်းရင်း မိုင်တွေခြားကွာဝေးခဲ့ရသူ
ရန်ကုန်ပြန်ချိန်မင်းကလက်ပြနှုတ်ဆက်ပြီးတော့ မျက်ရည်ဝဲ
လိုက်ဖက်တယ်လို့ပြောတဲ့ ပါးစပ်တွေ နောက်ကဖျက်လို့ခက်နေတယ်
တွဲခဲ့ဖူးတဲ့လက်တွေလည်း ဘယ်သူကလာပြီးဖျက်နေမလဲ
တစ်ညလုံးမအိပ်ပဲ ဖုန်းပြောခဲ့တဲ့နေ့ရက်တွေကသက်သေပဲ
အခြေအနေတွေက ဝေးကွာလွန်းတော့ နှစ်ယောက်စလုံးချစ်သူအရင်းနဲ့လိုက်
ဒီရှေ့ဆက်ရမယ့်နေ့ရက်တွေကို လျှောက်လှမ်းချင်တယ် မင်းနဲ့သာ
အနားနားခုချိန်မင်းကမရှိတော့ ငါ့ရဲ့ဘဝလည်းအလင်းမဲ့လာ
ဒီ ၁၆ bar သော rap တွေအဆုံးမှာ နောက်ဆုံးအသက်ရှူခြင်းနဲ့သာ

CHO:    ငါလေဟိုးအရင်တုန်းကနေ့တွေပြန်ကာစဉ်းစားရင်းနဲ့ မျက်ရည်ဝဲခဲ့နေ့တွေကမနည်းပြီ
    ငါ့ရဲ့အနားနားမင်းရှိနေတုန်းခဏ ဒီအချိန်တွေကိုပြန်သတိရနေမိလို့
    Baby... ပြန်ဆုံနိုင်ဦးမလား ငါပြန်မြင်ယောင်နေမိတုန်းပဲ
    ဟိုးအတိတ်က ဒီ ၂၉ ရက်နေ့ညနေခင်းကို

ရန်ကုန်မှာစောင့်နေဆဲ ငါပြန်မဆုံမှာကြောက်နေတဲ့အခါ
ဓါတ်ပုံကြည့်ပြီးအလွမ်းတွေဖြစ် သူရေးတဲ့စာတွေငါ့ရဲ့နံဘေး
ရှိနေခဲ့လည်းထပ်ပြောချင်တယ် ငါ့ကိုထားပြီးမသွားနဲ့အဝေး
ဘေးမှာရှိတဲ့ချစ်သူမျိုးပဲလိုချင်နေတာလား
ဘာလဲ ဖုန်းနဲ့ပြောမယ့်အားပေးစကားတွေအပိုထင်နေတာလား
လမ်းခွဲမယ်လို့ပြောတဲ့နေ့က ငိုချင်နေတာ ငါ့
အဲ့လိုပြဿနာတက်မှသူ့ရဲ့အကြောင်းတွေ ညဘက်ထိငါတွေးလို့
သူ့အပြုံးက ငါ့ဘဝအတွက်အတုမရှိတဲ့ဆေးမို့
ချစ်သူဖြစ်တော့ မြတ်မြတ်နိုးနိုးခေါ်ခဲ့ဖူးတာလေးတချို့
အတူထိုင်ခဲ့ဖူးတဲ့ ကျုံးပတ်လည်မှာ ခုဆိုလူတောင်ရှင်းနေပြီ
သူစွန့်ပစ်ခဲ့တဲ့ ငါ့ရင်ဘတ်လည်း အနှိုင်းမဲ့ပူလောင်ခြင်းတွေအတိ
နှစ်ယောက်အတူဆောက်တဲ့ အိမ်မက်ကမ္ဘာလည်းလေထဲမှာပဲပျက်ပြိုပြီး
မိုင်တွေခြားလို့ ငါ့တစ်ယောက်တည်းပဲအလွမ်းသီချင်းတွေပဲ စပ်ဆိုရင်း
သူမသိလည်း သူ့နောက်ကွယ်ကနေ ငါအဆုံးမဲ့လိုက်ပေးဆပ်လိုသည်
အနားကမခွဲပဲနေချင်ပါတယ် သူ့တစ်ယောက်အတွက် ဘေးဖက်ကိုမကြည့်
သစ္စာမှန်ရင် ပျံ့လွင့်ပါစေ မန္တလေးမြို့ဆေးတက္ကသိုလ်အထိ

CHO:    ငါလေဟိုးအရင်တုန်းကနေ့တွေပြန်ကာစဉ်းစားရင်းနဲ့ မျက်ရည်ဝဲခဲ့နေ့တွေကမနည်းပြီ
    ငါ့ရဲ့အနားနားမင်းရှိနေတုန်းခဏ ဒီအချိန်တွေကိုပြန်သတိရနေမိလို့
    Baby... ပြန်ဆုံနိုင်ဦးမလား ငါပြန်မြင်ယောင်နေမိတုန်းပဲ
    ဟိုးအတိတ်က ဒီ ၂၉ ရက်နေ့ညနေခင်းကို
    (ငါလေဟိုးအရင်တုန်းကနေ့တွေပြန်ကာစဉ်းစားရင်းနဲ့ မျက်ရည်ဝဲခဲ့နေ့တွေကမနည်းပြီ
    ငါ့ရဲ့အနားနားမင်းရှိနေတုန်းခဏ ဒီအချိန်တွေကိုပြန်သတိရနေမိလို့
    Baby... ပြန်ဆုံနိုင်ဦးမလား ငါပြန်မြင်ယောင်နေမိတုန်းပဲ
    ဟိုးအတိတ်က ဒီ ၂၉ ရက်နေ့ညနေခင်းကို)


Download>>> Mediafire
Download>>> Hulkshare

Comments

  1. mediafire link လေးပြန်ပြင်ပေးပါလားဗျ

    ReplyDelete

Post a Comment

ဝေဖန်မှုတွေကို ကြိုဆိုလျက်ပါ...